ကြေး အိုးခေတ်ကပင် မြေအိုးလုပ်ငန်းလည်း ပေါ်ခဲ့မည်ဖြစ်သည်
။ မြေအိုးတွင် ပန်းပုံစံအမျိုးမျိုးဖော်
ပြီး အသုံးပြုခဲ့သည်မှာ ပျူခေတ်ကပင် စတင်ခဲ့သည်။ ခေတ်အလိုက် မြေအိုးလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ခဲ့ရာ
ဒေသအလိုက် ထင်ရှားသော အိုးအမည်များပေါ်ထွန်းခဲ့သည်
။ ပဲခူးဒေသတွင် ပုဇွန်မြောင်းအိုး၊ တာဝဘူး
မိတ္တီလာဒေသတွင် သဲတောကိုး စသဖြင့် ထူးခြားသောအိုးများ ပေါ်ထွက်ခဲ့သည်
။ စီးပွားဖြစ်လုပ်ခဲ့ကြသည်
။
ထားဝယ်ဒေသ အိုးလုပ်ငန်းသည် ရှေးအစဉ်အဆက်ဆင်းသက် လုပ်ကိုင်လာခဲ့ကြသည်
။ အိမ်တွင်း
လက်မှုလုပ်ငန်းတစ်ခုဖြစ်သည်။ မိသားစုလုပ်ငန်းလည်းဖြစ်သည်။ ထိုရပ်ကွက်ကို အိုးလုပ်ပြင်ရပ်ကွက်ဟု
အမည်ခေါ်တွင်ခဲ့သည်
။
အိုးအမျိုးမျိုး စဉ့်အိုး၊ ရေအိုး၊ ထမင်းအိုး၊ ပေါင်းအိုး
၊ ညောင်ရေအိုး၊ ရေချမ်းအိုး
၊ လဘက်ရည်အိုး၊ ငရုပ်ဆုံ
၊
သပိတ်များနှင့် ကလေးကစားစရာ အရုပ်အမျိုးမျိုး၊ ပိုက်ဆံစုဘူးစသည်များကို လုပ်ကိုင်ရောင်းချကြသည်
။
ရေအိုးကို ရိုးရိုးမဟုတ်ပဲ ရွှေဖရုံသီးပုံများထွင်၍လည်းကောင်း၊ ပန်းပုံပေါ် ဆေးရေး၍လည်းကောင်း
လုပ်ကိုင်ရောင်းချကြသည်
။
မြေအမျိုးအစား
အိုးလုပ်သည့် မြေသည် ရွှံ့စေးမြေ
မျိုးဖြစ်သည်
။ ရွံ့စေးမြေရနိုင်သည့် ဥဿရံရပ်မှ သယ်ယူ၍
စုဆောင်းလုပ်ကိုင်ရသည်
။ မြစ်သဲများကို ဇကာချပြီး လိုအပ်သော အချိုးအဆဖြင့် ရောစပ်ယူရသည်
။
အိုးလုပ်နည်း သိမ်းထားသော ရွှံ့စေးမြေများကို လိုသလောက်ယူပြီး ညက်ညောပျော့ပြောင်းမှု ရှိစေရန်
နင်းနယ်ထုထောင်းရသည်။ မိမိလိုအပ်သည့် အရွယ်အစား အိုးနှုတ်ခမ်းသားကို စတင်ဖော်ထုတ်ရသည်
။
အိုးအဝနှုတ်ခမ်းသား တစ်ပတ်လည်ညီသောအခါ ပျဉ်ပြားပေါ်တွင်တင်၍ အခြောက်ခံရသည်
။
တောင့်တင်းခိုင်မာလာသောအခါ အဝနှုတ်ခမ်းသားကို မှောက်ထား၍ အတွင်းဘက်မှ ကျောက်ချော
ကလေးတစ်လုံးဖြင့် အမာခံယူပြီး အပြင်ဘက်မှ ပျဉ်ပြားငယ်လက်ခတ်ဖြင့် နာနာရိုက်ခတ် ပေးလျက် လိုအပ်
သောပုံစံကို ဖော်ရသည်
။
အကျဉ်းသော အိုးများ
ရေတကောင်းအိုး၊ ညောင်ရေအိုး၊ ရေနွေးခရားအိုးကဲ့ သို့သော အဝကျဉ်းသည့်အိုးများကို ပထမ
တစ်ဝက်မျှ ပုံဖော်ပြီးလျှင် နေရိပ်တွင် တစ်ရက်မျှ အခြောက်ခံထားရသည်
။ နောက်ရက်မှ တစ်ခါ အပြီးသတ်
ဆက်လုပ်ရသည်။ ၂ ဆင့် လုပ်ရခြင်းကြောင့် ဆက်ကြောင်းမှ ကွဲအက်မှုမရှိစေရန် သတိပြုရသည်
။
အိုးအလှဖော်ရန် သောက်ရေအိုး ပုံဆန်းထွင်ထားသော အိုးများကို အိုးသားချောမွေ့စေရန် တစ်ဝက်မျှ အခြောက် ၊
ခံပြီးလျှင် ဂုံညှင်းဖြင့် ချောမွတ်လာအောင် ပွတ်တိုက်ပေးခြင်း၊ မြေနီမှုန့်
၊ မြေဝါမှုန့်များဖြင့် သုတ်လိမ်းခြင်း၊
မီးဖုတ်ပြီးလျှင် ဆေးဖြင့် ပန်းအလှပုံရေးဆွဲခြင်းများကို ပြုလုပ်ရသည်
။
အိုးဖုတ်ရန်
အခြောက်လှမ်းထားပြီးသော အိုးများထဲမှ အမြင့် ၄ တောင်ခန့် အိုးကြီးတစ်တန်း၊ အိုးငယ်
တစ်တန်းအားဖြင့် အတန်းလိုက် အတန်းလိုက် စီတန်းလျှက် အိုးကြီးများ ပတ်လညg အဖေ
မှ ရေပုံ နေသော ကောက်ရိုးများ ဖုံးအုပ်ပေးရသည်
။ ထို့နောက် ထိုရေ
ပိုကောက်ရိုးများကို အပြင်ဘက်မှ
? ထူထူသုတ်လိမ်း၍ အပြင်ဘက်မှ သစ်ရွက်ခြောက် ကောက်ရိုးခြောက်
၊ ဝါးလုံးခြောက်များဖြင့်
မီးရှို့ပေးရသည်
။ အိုးများကျက်သည်အထိ ချင့်ချိန်၍ မီးထိုးပေးပြီးလျှင် နောက်တစ်ရက
အိုးကို ဖော်ယူရသည်။
မြေသပိတ်ဖုတ်ရန်
မြေသပိတ်ကို အိုးများဖြင့် ရောနှောမဖုတ်ရပါ။ သီးခြားခွဲ၍ ဖတ်ရသည်
။ ထိုသပိတ်များကို ဖုတ်ရာတွင်
အနက်ရောင်ရရှိစေရန် သပိတ်များ ကျက်လောက်သောအချိန်တွင် စပါးခွံဖွဲကြမ်းများကို လောင်းထည့်ပေးရ
သည်ဟုဆိုသည်။
ဒေါင်ဒေါင်မြည်မှ အိုး
ဒေါင်ဒေါင်မြည်မှ အိုးစု ထားဝယ်စကားပုံတစ်ခုရှိပါသည်
။ ဆိုလိုသည်မှာ အိုးဝယ်သူသည်
မိမိဝယ်ယူမည့် အိုးကို ခေါက်၍ စမ်းသပ်ပြီးမှ ဝယ်ယူလေ့ရှိသည်
။ အက်သံပါသလား ဒေါင်ဒေါင်မြည် ရဲ့လားဟု
ရွေးပြီးမှ ဝယ်လေ့ရှိပါသည်
။ ဒေါင်ဒေါင်မြည်မှ အိုးဟုဆိုခြင်းဖြစ်သည်
။
စဉ့်အိုးစဉ်ခွက်
စဉ် အိုးသည် ကြီးလတ် အငယ်
၊ အရွယ်အစားစား ပြုလုပ်ကြသည်
။ အင်တုံ
၊ ညောင်ရေအိုး
ရော်ဘာစေးခံသည့် ခွက်များကိုလည်း စဉ်ရေသုတ်၍ သုံးကြသည်
။
စဉ့်အိုးသည် ပထမပိုင်းမျှပြုလုပ်ပြီး နေရိပ်တွင် တစ်ရက်အခြောက်ခံထားရသည်
။ နောက်ရက်မှ
ဆက်လုပ်၍ အပြီးသတ်ရသည်။
စဉ်ရေသည် ချော်ခဲများကို အမှုန့်ထောင်းထုကြိတ်ပြီးလျှင် ထမင်းရည်နှင့် အနေတော် ရောစပ်၍
စုပ်တံဖြင့် သုတ်လိမ်းပေးရသည်
။
စဉ့်အိုးတည်လျှင်
အုတ်ပုံစံအရွယ်အုတ်ချပ် အစိမ်းများကို အပေါ်နှင့်ဘေးပတ်လည်ကာရံလျက် အောက်မှ မီးထိုး၊
ပေါက်ကို တစ်တောင်ခန့် အမြင့်လုပ်၍ အလယ်တွင် အိုးများကို (စဉ်ရေသုတ်ထားသော စဉ်တိုး စိမ်းများ) ၊
ညီညီစီရသည်
။ အုတ်ဖုတ်သကဲ့သို့ပင်ဖြစ်သည်။ မီးထိုးလျှင် အစပိုင်းနည်းနည်းနှင့် ဖြေးဖြေးချင်း မီးထိုးရသည်
။
မီးခိုးအရောင်ကြည့်၍ ချိန်ဆပြီးလျှင် မီးထိုးပေါက်ကို ပိတ်လိုက်ရသည်။ မီးထိုးသည့် ထင်းသည် ထင်းစိုနှင့်
ရှားထင်းများကို မသုံးရပါ။
ဖိုစဖွင့်ရာ၌ အပူရှိန်လျော့နည်းလာပြီး ၃ ရက်ခန့်အကြာမှ တစ်စတစ်စ ဖြည်းဖြည်းချင်းဖွင့်ရသည်
။
လေစိမ်းဝင်ပြီး အိုးကွဲတတ်သည်ကို သတိပြုရသည်
။
samthemandawei.com
#SamTheManDawei